@-internet website တွင် ကြော် ငြာ များ ကို aungbarsay . group . မှ မေတ္တာ လက် ဆောင် တင် ပြ ပေး နေ ပါ သည် ။-@

@-မေး မြန်း တိုင် ပင် ဆွေး နွေး လို သူ များ ကို aungbarsay . group မှ ကြို ဆို ပါ သည် ။-@

Tuesday, May 18, 2010

COUNSELING FOR YOU


           << ကုသိုလ်လဲရ - စိတ်လဲ ပျော်ရွှင် - မိတ်ဆွေ လဲ တိုး >>

    ယခု အခါ ကမ္ဘာ့နိုင် ငံ အ တော်များများ တွင် counseling  ခေါ် အတိုင်ပင် ခံ ဝန် ဆောင် မှုလုပ်ငန်း များ ရှိကြပါ သည် ။ လူမှူ ရေး လုပ်ငန်း ဖြစ် ပြီး အခကြေးငွေ ယူသော အ ဖွဲ့ များ ရှိ သကဲ့သို့ အခမဲ့ ဝန်ဆောင် မှူ အဖွဲ့ များ လဲ ရှိ ပါသည် ။ ဥပဒေ ရေးရာ စီးပွား ရေး ရာ များ တွင် ဝန် ဆောင်ခ ယူ ကြ သည် များ သကဲ့သို့ပညာရေး အိမ်ထောင် ရေး ကိစ္စ များ တွင် အ ခ မဲ့ ဝန်ဆောင်မှူ ပေး ကြသည် က များ ပါသည် ။

    လူတိုင်း စားဝတ်နေရေး အ တွက် ရုန်းကန် လှုပ်ရှား ကြရ ၍ တခါတရံ မမျှော်လင့်သော အခက်အခဲ များ ကြုံရတတ်ပါသည် ။ ထိုအခါကိုယ်တိုင် မဖြေရှင်း နိုင်သူ များ နှင့် ခက်ခဲသည့် ပြဿနာ များအတွက် ကူညီ မည့် ဝန်ဆောင်မှူလုပ်ငန်း တစ်ခုဖြစ် လာပါသည် ။

       မြန်မာပြည်တွင်း အ နေဖြင့် ရှေး ယခင် က ဘုန်းတော်ကြီး ဆရာတော်ကြီး များ ထံတွင် မေးမြန်း တိုင်ပင်ကြပြီး ယခု ခေတ် တွင်မူ အခါပေး ဆရာ များ ဗေဒင်ဆရာ များ ဝင်ငွေ ကောင်း  လာကြ သည် ကို သတိမူ မိကြပေလိမ့်မည် ။ များသော အားဖြင့် ရင်ဖွင့် လိုက် ရ ၍ ပေါ့သွား တာဘဲ ဟု ပြောလေ့ရှိပါသည်။တခါတရံဆုံးဖြတ်ချက်ချရခက်သည့်အခါ(သို့)စိတ်အနှောင့်အယှက်
ဖြစ်လာသည့် အခါများတွင်တစုံတယောက်အားဖွင့်ပြောလိုက်သည့် အခါ အဖြေမှန် မရသော်လည်း
မကြာမီအချိန်အတွင်းဖြေရှင်းနိုင်မည့် နည်း လမ်း တခုခုကို စိတ်ထဲဝယ်အလိုလိုပေါ် လာသကဲ့သို့ ကြုံတွေ့ဖူး ကြမည်ထင်ပါသည် ။


          စိတ်ပညာ အလိုအရ တင်းကြပ်နေသောစိတ် ကိုဖြေလျှော့လိုက် ၍ဦးနှောက်မှ ပိုမို အလုပ်လုပ် ပေးလိုက် နိုင်ခြင်းကြောင့်အဖြေမှန်ကိုစိတ်ကူးမိသွားသည် ဟု ဆိုပါသည် ။

ထို့နည်းတူ  ကိုယ်လက် လှုပ်ရှား မှုလေ့ကျင့်ခန်း တစ်ခုခု ကို ပုံမှန် လုပ်ဆောင် လေ့ရှိသော သူ ၏ စဉ်းစားဥာဏ် ရည်သည် မလှုပ်ရှားသူ ထက်  ပိုမို သာလွန် ကြောင်း သုတေသီ များတွေ့ရှိရပါသည် ။

ထို့ကြောင့်မပင်ပန်းဘဲအညောင်းပြေသွေးလေမှန်ကန်စေပြီးကိုယ်ရောစိတ်ပါတက်ကြွလန်းဆန်းစေနိုင်သည့် ချိကုန်း လေ့ကျင့်ခန်း ကို လေ့ကျင့်သူ များပြား လာရခြင်း ဖြစ်ပါသည် " စိတ်တည်ငြိမ် ပြီး သွေးလေ လှည့်ပတ်မှု မှန်ကန်စေခြင်း ကြောင့် ရုပ်ပျို ကိုယ်နု ဆေး ကို ပင် သောက်ရန် မလိုတော့ပေ ။

    ဤ post ၏ ရည်ရွယ်ချက်မှာ ကုသိုလ်လဲရ-စိတ်လဲ ပျော်ရွှင် - မိတ်ဆွေ လဲ တိုး စေပြီးအတိုင်းအတာ တစ်ခု အထိ စိတ်ချမ်းသာမှု ရ ရှိ စေ ရန်ဖြစ်သည် "

     တစ်စုံ တစ်ယောက်ကို ဖွင့်ပာ တိုင်ပင် လိုသော ဆန္ဒ ရှိနေမယ် ဆိုရင်
       (we are ready for your service )

        စိတ်ပါဝင်စားသူများ COMMENT တွင် မေးလိုသည် များကိုရေးသားနိုင်ပါသည်။
သီးခြားဖြေစေလိုလျှင် e-mail address ဖော်ပြပေးပါ ။ အခမဲ့ ဝန်ဆောင်မှူ ပေးပါ မည် "
         တစုံတယောတ်အားထိခိုက်စေနိုင်သည့် မေးခွန်း နှင့် ရည်ရွယ်ချက် မဲ့မေးခွန်း များကို
ဖြေကြားမည်မဟုတ်ပါ ။  (  feel free to contact us  )                                                                                                                       

 <( မိတ် ဆွေ တို့ ရေ  စိတ် ပေါ့ သွား အောင် )>

 ရင် ဖွင့် လိုက် ပါ လား

  (  may all your dreams come true  )

No comments:

 

@-internet website တွင် ကြော် ငြာ များ ကို aungbarsay . group . မှ မေတ္တာ လက် ဆောင် တင် ပြ ပေး နေ ပါ သည် ။-@